တရားလွှတ်တော်‌ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၄ ကျင်းပ

 

 

နေပြည်တော်   ဩဂုတ်   ၆
တရားလွှတ်တော်‌ရှေ့နေများ  ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၄  ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်‌ရှေ့နေများ ကောင်စီရုံး၌ ကျင်းပသည်။


အစည်းအဝေးတွင်    တရားလွှတ်တော်ရှေ့နေ အဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၂၁၆ ဦးကို  တရားလွှတ်တော် ရှေ့နေများ   ကောင်စီက   ကန့်ကွက်ရန်    ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထား တောင်းခံသည့်ကိစ္စ၊   ရှေ့နေကျင့်ဝတ်ဖောက်ဖျက် သည့် တရားလွှတ်တော်ရှေ့နေ ၃၃ ဦးအပေါ် တရား လွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေပုဒ်မ ၁၀ (၁)အရ ထိုက်သင့်သည့်အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘော ထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေးအတွက် အကျင့် စာရိတ္တကောင်းမွန်ကြောင်း    ထောက်ခံပေးနိုင်ရေး လျှောက်ထားသည့်ကိစ္စ၊  တရားလွှတ်တော်ရှေ့နေ များကောင်စီ (မန္တလေး)ရုံးခွဲ ဖွင့်လှစ်ခဲ့သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ(နေပြည်တော်) ရုံးအဆောက်အဦး ဆောက်လုပ်ရန်ကိစ္စ၊ ၂၀၂၅ ခုနှစ် တရားလွှတ်တော်ရှေ့နေများကောင်စီ  DIARY နှင့် Note Book ထုတ်ဝေရန်   မျက်နှာဖုံး   Design နှင့် ထည့်သွင်းလိုသည့်အချက်အလက်များကိစ္စ၊ ရန်ကုန် မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ငွေစုအကောင့် SC - ၀၂၃၆၁၄ နှင့် CB - ၀၄၆၈၇ တို့ကို နေပြည်တော်သို့ ပြောင်း‌ရွေ့ရန်ကိစ္စ စသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။


အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော် ရှေ့နေများကောင်စီ   ဒုတိယဥက္ကဋ္ဌ   ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရား လွှတ်တော်ရှေ့နေများ    ကောင်စီအဖွဲ့ဝင်    ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

      
သတင်းစဉ်