
နေပြည်တော် မတ် ၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့ နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲတို့မှ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော ကလေးကစားစရာ ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၇၀၄၀၀ လည်းကောင်း၊ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ချည်ထည်ကုန်ကြမ်း ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၄၄၉၅၀ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၁၅၃၅၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတာဝန်ကျအကောက်ခွန်အဖွဲ့က ကင်းလှည့်စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ မန္တလေး - ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် (၁၆/၃) မိုင်ခန့်တွင် စုပုံထားသည့် ပိုင်ရှင်မဲ့ ပလတ်စတစ်ရေတိုင်ကီများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂ဝဝဝဝဝ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၅ ရက်တွင် ရှမ်းပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် တာဝန်ကျအကောက်ခွန် အဖွဲ့က ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဖြင့် သိန္နီ - ချင်းရွှေဟော်လမ်း နမ့်စလပ်ရွာအနီးတွင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ(ယာပုံ) တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း သုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀ ၀၀၀၀ နှင့် အဆိုပါ ပစ္စည်းများသယ်ဆောင်လာသော မော်တော်ယာဉ် ငါးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၃၀၀၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်များအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀ နှင့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၀၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၉၁၁၅၃၅၀ ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်