
နေပြည်တော် ဇွန် ၁၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက ကော့သောင်း မြို့နယ်အတွင်းရှိ ဂိုဒေါင်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ ဘိလပ်မြေ ၂၉၈၇ အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၇၉၉၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၀ ရက်တွင် ဆိပ်ကမ်း စစ်ဆေးရေးအဖွဲ့မှ သွင်းကုန်လိုင်စင် မပါရှိသော Double Tape များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၃၁၃၆၀) ကို လည်း ကောင်း၊ ဇွန် ၁၁ ရက်တွင် တာဝန် ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့က သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ကြွေထည်ပစ္စည်း၊ ၆၅ လက်မ တီဗွီနှင့် စက်ဘီးအပိုပစ္စည်းများ၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၃၁၇၄၂၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၄၈၇၈၀) ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းမှ စခန်းတာဝန် ကျ ကွပ်ကဲရေးမှူး ကြီးကြပ်ဦးစီး သောအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင် ကားလမ်း မိုင်တိုင် အမှတ်(၁၆)မိုင် နှစ်ဖာလုံခန့်တွင် စုပုံထားသော Hiin Guang အမျိုး အစားဘီယာများ ဖာ ၁၅၀(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ် သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင်အစေ့ များ ထည့်ထားသည့် ဆာလာ အိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သောစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ TOYOTA Ipsum အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရ က်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၄၉၇၇၈၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်