တရားမဝင် စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေနံတူးဖော်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့် လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီး

 

နေပြည်တော် ဇွန် ၂၃


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ   တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ  အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြို့၊ ကုန်သေတ္တာစစ်ဆေး‌ရေးစခန်း တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ ၌  သွင်းကုန်ကြေညာလွှာ ( ID ) တွင် ကြေညာထားခြင်းမရှိသည့် အလှကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၁ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ပို့ကုန်ကြေညာလွှာ(ED)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသည့် သတ္တုဟုယူဆရသောအမှုန့်  ၉၅၀ ကီလိုဂရမ်၊ (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၃၅၀၀၀၀၀)ကို  လည်းကောင်း၊   စုစု‌ပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင် ဇွန် ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က  စစ်‌ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက် ပိုမိုသယ်ဆောင်လာသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


 ထို့အတူ ဇွန် ၂၃ ရက်တွင်   စစ်ကိုင်းတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မုံရွာမြို့နယ်အတွင်း Super Anbo အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်     မကွေးတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   မင်းလှမြို့နယ်  မင်းတဲကြီးကျေးရွာ အတွင်းတရားမဝင် ရေနံတူးဖော်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၈၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်   အကောက်ခွန်ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်  မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေး‌ရေးစခန်း၌  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၃၁၆၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  ဇွန်  ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ  အမှုတွဲ  ခုနစ်မှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၅၉၆၀၀) ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                                

 သတင်းစဉ်