
နေပြည်တော် ဇွန် ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ အဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇,၈၆၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
အလားတူ ဇွန် ၁၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ဗန်းမော် မြို့နယ် မံမလင်းကျေးရွာအနီး ဧရာဝတီမြစ်ကြောင်း အတွင်း တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ ဗန်းမော်မြို့နယ် မံမလင်း ကျေးရွာအနောက် သုံးမိုင်ခန့် အကွာ မိုးစိမ်းကျွန်းအနီး ကိုင်းပင် များကြား၌ သစ်သားစက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀)နှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)အား ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား (၅ ဒသမ ၅၁၄၄) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၆၃၉,၅၀၄)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ သုံးမှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၅၀၅,၅၀၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်