တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၂၇


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ မတ် ၂၆ ရက်တွင်   ကရင်ပြည်နယ်   ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန် ကျ   ပူးပေါင်းစစ်ဆေးရေးအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မြဝတီမြို့မှ    ဘုရားကြီးမြို့သို့ သွားရောက်မည့် (လိုင်စင်မဲ့) ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)  ဖမ်းဆီးရ မိခဲ့ပြီး  ကော့ကရိတ်မြို့မရဲစခန်းသို့   လွှဲပြောင်း၍ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ   တနင်္သာရီတိုင်းဒေသကြီး   တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး      အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    ကော့သောင်းမြို့   တော်ဝင်တံတား စစ်ဆေးရေးတာဝန်ကျ       အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    တော်ဝင်စစ်ဆေး ရေးတံတား၏   ဆိပ်ခံတံတား၌  စုပုံထားရှိသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ       တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၂၂၀၀)   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ  မတ် ၂၇ ရက်တွင်  စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်      စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း  တရားမဝင်လူသုံးကုန် အဝတ်အထည်များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၁၄၀၀၀) ကို လည်းကောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော   စစ်ဆေးရေးအဖွဲ့က  ဟုမ္မလင်း မြို့နယ်အတွင်း (လိုင်စင်မဲ့)  မော်တော်ဆိုင်ကယ် နှစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀) ကို  လည်း  ကောင်း     စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇၁၄၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်    ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    အထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   တောင်ငူခရိုင်   အုတ်တွင်းမြို့နယ် ရှိ    သစ်တောကြိုးဝိုင်းများအတွင်း   တရားမဝင် ကျွန်းသစ် (၆ ဒသမ ၉၇၅၀) တန်  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၁၉၇၀၀)   ဖမ်းဆီးရမိခဲ့ပြီး   သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ       အမှုတွဲခြောက်မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၄၃၅၉၀၀) ဖြစ်ကြောင်း  တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး        ဦးဆောင်  ကော်မတီမှ သိရသည်။                    

သတင်းစဉ်