တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ    ၆


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် မော်တော် ယာဉ်များကို စစ်ဆေးခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး ၄၀၀၊  ခန့်မှန်းတန်ဖိုး  ငွေကျပ် ၅၈၀၀၀၀ ကို  စစ်ဆေးတွေ့ရှိရသဖြင့်  သိမ်းဆည်း၍  အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

 


အလားတူ ဇန်နဝါရီ ၅ ရက် တွင် ကော့ကရိတ် (တံတားကျိုး)  စုပေါင်းစစ်ဆေးရေးစခန်း တာဝန် ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေး မှုများ ဆောင်ရွက်နေစဉ် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့်ယာဉ် များကို   စစ်ဆေးခဲ့ရာ    တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ် Speaker ၃၁   ခု   ခန့်မှန်းတန်ဖိုး   ငွေကျပ် ၄၆၅၀၀၀၀     ကိုလည်းကောင်း၊ ထိုင်းနိုင်ငံထုတ်   အမွှေးဆပ်ပြာ ရည်  အထုပ်   ၁၀၀  ခန့်မှန်းတန်ဖိုး ငွေကျပ်     ၁၂၀၀၀၀၀     စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀၀ တွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှု ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

 


ထို့အတူ   မရမ်းချောင်  အမြဲ တမ်း      စစ်ဆေးရေးစခန်းအနီးရှိ ရွှေဖြူရော်ဘာခြံ      ရှောင်ကွင်း လမ်းကြားတွင်       ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်- မြဝတီ ပြည်ထောင်စုလမ်းမကြီး  မိုင်တိုင်အမှတ် (၉၇/၆)မိုင်အနီးရှိ လမ်းကြားအတွင်း   ရပ်တန့်ထား  သော   ယာဉ်ပေါ်တွင်    တရားဝင်  စာရွက်စာတမ်း အထောက်အထား  တစ်စုံတစ်ရာတင်ပြနိုင်ခြင်း  မရှိ သည့်   Dietary    Supplement Product ၆ ဖာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀၀၀၀၀ ကို စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါကုန်ပစ္စည်း များ            တင်ဆောင်လာသည့် MITSUBISHI      အမျိုးအစား ကုန်တင်ယာဉ်     ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၅၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး               ငွေကျပ် ၂၈၆၅၀၀၀၀  တို့ကို သိမ်းဆည်း၍ အမှုဖွင့်လှစ် အရေးယူဆောင်ရွက် ခဲ့သည်။

 


သို့ပါ၍ ဇန်နဝါရီ ၄ ရက်တွင်  ဖမ်းဆီးရမိမှု ၁ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၀၀၀၀ နှင့် ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးရမိမှု  ၄  မှု   ခန့်မှန်းတန်ဖိုး             ငွေကျပ် ၂၈၆၅၀၀၀၀    ဖြစ်၍      စုစုပေါင်း ဖမ်းဆီးရမိမှု ၅ မှု ခန့်မှန်းတန်ဖိုး ငွေကျပ်     ၂၉၂၃၀၀၀၀     ဖြစ်ပြီး အဆိုပါ       ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍        အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်     ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ကော်မတီမှ  သိရသည်။    

 

သတင်းစဉ်