တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်   ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်  ၁၇ ရက် တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ညောင်ခါးရှည် X-Ray စက်   စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Knorr ကြက်သားမှုန့် ၈၀၀ ဂရမ်ပါအထုပ် ၃၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို လည်းကောင်း၊   ဝေါမြို့နယ်၊  ကန်တော်ရပ်ကွက်၊ မင်းလမ်း၊ အမှတ်(၁၁)၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ ၁၈ လီတာ ပါ ၁၀၃ ပုံး အပါအဝင်ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၆၂၀၀၀)   ကိုလည်းကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၇၁၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၇ ရက်တွင် မြန်မာ့ စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Window Lock ၁၉၁၇ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း သုံးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၇၂၈၇၀) ကို လည်းကောင်း၊   ဇူလိုင် ၁၈  ရက်တွင်  ရွာသာကြီး Dry Port ၌      တာချီလိတ်မြို့မှ   ရန်ကုန်မြို့သို့   မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော တရုတ်နိုင်ငံထုတ် Organik Tissue Paper ၄၀၅၀  ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၃၄၅၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀၀) ကိုလည်းကောင်း  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၆၀၇၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော်လမ်းဘေး တစ်နေရာ၌  စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့်  Air Pump နှစ်ခု အပါအဝင်ကုန်ပစ္စည်း ငါးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၁၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့  Hijet  မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) နှင့်   တမူးမြို့၊  စော်ဘွား(၄) ရပ်ကွက်၌ လိုင်စင်မဲ့ Toyomax-125 မော်တော်ဆိုင်ကယ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ်၌ တရားမဝင် မီးသွေး (၄၂ ဒသမ ၆၆၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၇ ရက်နှင့် ၁၈  ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၆၇၁၄၉၄၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။                                 သတင်းစဉ်