
နေပြည်တော် ဇူလိုင် ၃၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ စက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အဖွဲ့စုံဖြင့် စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်တင်ပြ နိုင်ခြင်းမရှိသော အဝတ်အထည် များနှင့် အထွေထွေလူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၉၄၃၈၂၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပဲခူးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဘုရားကြီးတိုးဂိတ် အနီး၌ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်နေစဉ် မော်လမြိုင်မြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သောခရီးသည်တင် မော်တော် ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သော ဆန်စက်အပိုပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၀၅၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသော Yuto-ng Express အမျိုးအစား ခရီး သည်တင် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၄၇၀၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသော ကြမ်းခင်းကော်ဇောများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည် နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာ သော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါ ရှိလာသော လက်ကိုင်အိတ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၁ ၂၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၅၆၁၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က ကန့်ဘလူမြို့နယ် ကာဘိုး ကျေးရွာ တံတားထိပ်စစ်ဆေးရေး ဂိတ်အနီး၌ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ လိုင်စင်မဲ့ CANDA 125 အမျိုးအစား ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၃၇ ၅၅၇၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်