
နေပြည်တော် ဇွန် ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော စတီး ရေပိုက်ခေါင်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး (အောက်ပုံ)အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က လယ်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လုံးခင်းကျေးရွာဘက်မှ မြစ်ကြီး နားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်၌ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၂၉၁ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၈၅၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က စစ်ကိုင်းမြို့နယ် အတွင်း တရားမဝင် သယ်ဆောင် လာသော လူသုံးကုန်ပစ္စည်း၊ အလှ ကုန်ပစ္စည်းနှင့် စားသောက် ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၇၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က ရွှေဘိုမြို့နယ်အတွင်း တရားမဝင် စက်သုံးဆီ ဂါလန် ၉၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၀၀၀၀၀)ကို ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၆၂၄၇၀၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစု ပေါင်းမှာ အမှုတွဲ ၅ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၉၇၅၅၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်