တရားမဝင် မော်တော်ယာဉ်အပိုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်    မေ     ၁၅


တရားမဝင်     ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ မေ  ၁၄   ရက်တွင်   အကောက်ခွန်ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ (လေဆိပ်သွင်းကုန်) ၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲ       အကောက်ခွန်စစ်ဆေးရေးအဖွဲ့က   စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ  သွင်းကုန်ကြေညာ လွှာ ID တွင် ကြေညာထားခြင်းမရှိသော မော်တော်  ယာဉ်အပိုပစ္စည်းများ၊ မိုဘိုင်းလ်ဖုန်း အပိုပစ္စည်းများနှင့်  ဖန်စီပစ္စည်းများ  အမှုတွဲ နှစ်မှု  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၈,၉၆၇,၃၀၀)  ကို  ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။    
            

သတင်းစဉ်