
နေပြည်တော် ဇွန် ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ရှမ်းပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ (ယာယီ)ဗျူဟာမှူး ဒုတိယဗိုလ်မှူး ကြီး မြတ်သူ ဦးဆောင်သောအဖွဲ့ က ဟိုပုံးမြို့ ရေထွက်၌ ကျိုင်းတုံ မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင် လာသည့် ကုန်တင်ယာဉ်သုံးစီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ စားသောက်ကုန် နှင့်လူသုံးကုန်ပစ္စည်းများ ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၃၆၃၀၀၀ နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင် လာသော ကုန်တင်ယာဉ် သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၃၆၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ မကွေးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ဇွန် ၈ ရက်က မကွေး မြို့နယ် ဒဟတ်ကန်ကျေးရွာအုပ်စု ဝက်သိုက်ကျေးရွာ စစ်ဆေးရေး ဂိတ်၌ တာဝန်ကျစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ Honda Odyssey အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀ ကို လည်းကောင်း၊ ဇွန် ၉ ရက်တွင် သရက်မြို့အနောက် ဘက် မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Toyota Hijet အမျိုးအစား လိုင်စင် မဲ့ မော်တော်ယာဉ်တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော ခရီးသည်တင်မော်တော် ယာဉ်နှစ်စီးပေါ်၌ အကောက်ခွန်မဲ့ စားသုံးဆီနှင့် အားဖြည့်အချိုရည် များ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇွန် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင် သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း CIZ 125 အမျိုးအစား လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၊ ရွှေဘိုမြို့နယ် အတွင်း Menglong 125 အမျိုး အစား လိုင်စင်မဲ့မော်တော် ဆိုင်ကယ် တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀ နှင့် စစ်ကိုင်း မြို့နယ်အတွင်း Toyota Mark II အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀ တို့ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်း ကောင်း၊ ထပ်မံ၍ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသားနှင့် ပျဉ်းကတိုးသစ်ခွဲသား သုည ဒသမ ၅၂၄ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၀၀၀ ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၇၈၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၉၂၆၀၀၀ ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်