တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ တိရစ္ဆာန်အစာ၊ ဘိလပ်မြေများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ   ၁၉


တရားမဝင်    ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၇   ရက်တွင်    ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်      (တံတားကျိုး) စုပေါင်း       စစ်ဆေးရေးစခန်း၌ တာဝန်ကျ  စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ လှိုင်ဝဂိတ်အနီး၌     တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်     ဆင် တံဆိပ် ဘိလပ်မြေအိတ်  ၁၆၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၆၇၀၀ ၀၀၀)နှင့် အဆိုပါ ဘိလပ်မြေများ တင်ဆောင်လာသည့်  ခြောက်ဘီး မော်တော်ယာဉ်  လေးစီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၁၁၀၀၀၀၀၀)ကိုလည်းကောင်း၊  မေ ၁၈ ရက် တွင်  သံလွင်တံတား စစ်ဆေးရေး ဂိတ်၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော  မော်တော် ယာဉ်တစ်စီးပေါ်တွင်    တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ    တင်ပြနိုင်ခြင်း မရှိသည့် မိုဘိုင်းလ်ဖုန်းအဟောင်း များ      (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၀၀၀၀)ကို      လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၂၇၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်း နှင့်အညီ     အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင်  မေ ၁၇  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏       စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျအကောက် ခွန်အဖွဲ့က         စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်      ကြေညာလွှာ(ID) တွင်   ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံး       စက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၉၄၃၉ ၀၀၀) ကို လည်းကောင်း၊  မေ ၁၈ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ      ထားခြင်းမရှိသော အိမ်သုံး        လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၂၂၀၁ ၄၀၀)ကို လည်းကောင်း   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၁၆၄၀ ၄၀၀)ကို       ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်   လုပ်ထုံးလုပ်နည်း နှင့်အညီ      အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင်  မေ  ၁၈   ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် အကောက်ခွန်  ဦးစီးဌာနမှူးဦးစီး အဖွဲ့က             ညောင်ခါးရှည်နှင့် ဝေါအကြား ရှောင်တခင်စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ     မော်တော် ယာဉ်တစ်စီးပေါ်၌       တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိ သည့်         စားသောက်ကုန်နှင့် တိရစ္ဆာန်အစာများ     (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ   တင်ဆောင် လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၀၀ ၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊  မေ ၁၉    ရက်တွင်   တိုင်းဒေသကြီး သစ်တောဦးစီးဌာန      ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က တောင်ငူ ခရိုင်  ရေတာရှည်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၂၂ ဒသမ ၃၂၅၁     တန်       (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၂၁၆၆၈၀၃)ကို  သစ်‌တော ဥပဒေအရ   လည်းကောင်း၊  စုစု ပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၆၆၈၀၃)ကို ဖမ်းဆီးအရေးယူ  ဆောင်ရွက်လျက်ရှိသည်။
အလားတူ    စစ်ကိုင်းတိုင်း ဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့ က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း        လိုင်စင်မဲ့ မော်တော်ယာဉ်သုံးစီး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး     ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ             အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  မေ ၁၇ ရက်၊ ၁၈ ရက် နှင့် ၁၉  ရက်တို့တွင် ဖမ်းဆီး ရမိမှု     စုစုပေါင်းမှာ  အမှုတွဲ  ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၇၀၀ ၇၇၂၀၃)  ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှု                 တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်