
နေပြည်တော် သြဂုတ် ၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့် ၂၅ ကီလို ဂရမ်ပါ ၄၄ အိတ် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၄ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ချောင်းကူးငယ်ကျေးရွာ ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ယိုးဒယားစာတန်းပါ ပဲပိစပ်ဆီ တစ်လီတာပါ ဘူး ၁၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) ကို လည်းကောင်း၊ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရွှေသာရီ ကားဂိတ်အတွင်း၌ တရားဝင်တင်သွင်းခွင့် အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်း မရှိသည့် Lactasoy ပဲနို့ ၄၇၁၆ ဘူး အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၁၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၁၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် စစ် သင်္ချိုင်းအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၉၅၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၉၀၄၉၄၂)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Mazda Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉၀၄၉၄၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း မြို့ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့အပြင် သြဂုတ် ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ် စစ်ဆေးရေးစခန်း၌ မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံ ထုတ် Carabao အားဖြည့် အချို ရည် ဘူး၈၁၆၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၁၇၁၂၁၆)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် (၃၈၆)မိုင် စဉ့်ကိုင်မြို့နယ် ဇီးခြံကျေးရွာအနီး၌ မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D ပုလင်း ၄၂၅၀၀ အပါအဝင် ကုန် ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၉၄၇၅၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကိုလည်းကောင်း၊ ပုလိပ်မြို့ Denko ဆီဆိုင်ရှေ့၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ပလတ်စတစ်သောက်ရေဘူး ၃၉၀ ကီလိုဂရမ်၊ အမျိုးသမီးဝတ် ချည်ထည် ၁၅၅၀ အပါအဝင် ကုန်ပစ္စည်း ၁၆မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၂၆၆၈၃၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၃၈၅၅၄၆ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၃၈၀၄၈၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်