
နေပြည်တော် မတ် ၂၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မင်းဘူးမြို့နယ် သစ်တောဦးစီး ဌာနမှူး ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်အတွင်း တရား မဝင် သစ်မျိုးစုံ ၁၆ ဒသမ ၄၀၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၄၄၂၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၂၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံ မြို့နယ် အကောက်ခွန်ဦးစီးဌာန မှူး ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ကျိုင်းတုံ မြို့ ကျိူင်းဖောင်းဂိတ်အနီးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးပေါ် ၌ တရားမဝင် တင်ဆောင်လာ သော ဘီယာမျိုးစုံ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နစ်ဆန်းဒီဇယ် အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
၎င်းအပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည် ခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် သစ်မျိုးစုံ ၈ ဒသမ ၈၁၇၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၉၈၃၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း (လိုင်စင် မဲ့)ခရောင်းအမျိုးအစား မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၂ ရက်၊ ၂၃ ရက်နှင့်၂၅ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၇၈၂ ၇၄၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်