တရားမဝင် သစ်မျိုးစုံ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်‌တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော်    ဧပြီ    ၂၁


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ  ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရခိုင်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၁၈၂၈)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ်   ၄၃၂၇၉၆)  ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ထို့ပြင် ဧပြီ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန ၏      စီမံခန့်ခွဲမှုဖြင့်    မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ၌ တာဝန်ကျအကောက်ခွန် အဖွဲ့က ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက  စစ်‌ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  တရားဝင်စာရွက် စာတမ်း  အထောက်အထား   တစ်စုံတစ်ရာတင်ပြ နိုင်ခြင်းမရှိသည့်  အလှကုန်ပစ္စည်းများ   (ခန့်မှန်း တန်ဖိုး‌ငွေကျပ် ၆၀၁၆၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ 

 


အလားတူ ဧပြီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှည်းကူးမြို့နယ် သစ်တော ဦးစီးဌာန    ဦးဆောင်သော   ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   ရန်ကုန် မြောက်ပိုင်းခရိုင်  လှည်းကူးမြို့နယ် ကျောက်အိုင် ကျေးရွာလမ်း မိုင်တိုင်အမှတ် (၀/၃) အနီး၌ တရား မဝင် ကျွန်းပါကေး အကြမ်းတုံး (၀ ဒသမ ၆၃၇၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၈၀) နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် IPSUM အမျိုးအစား မော်တော်ယာဉ် တစ်စီး၊   (ခန့်မှန်းတန်ဖိုး  ငွေကျပ်  ၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၁၉၁၂၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေး ရေးစခန်း၌       တာဝန်ကျ   အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   ဧပြီ  ၁၉   ရက်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော Photo Album မျိုးစုံနှင့် ရက်ကန်းအထည် များ   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၂၅၃၃၄၀၀)   ကို လည်းကောင်း၊ ဧပြီ ၂၀ ရက်တွင် သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်  ပစ္စည်းများ၊  အဝတ်အထည်များနှင့် လျှပ်စစ်ပစ္စည်း များ    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၅၈၀၀၀၀၀)   ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 

 


၎င်းအပြင် ဧပြီ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် များအတွင်း တရားမဝင် ကျွန်းသစ်ခွဲသား (၃ ဒသမ  ၀၄၈၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၄၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍   ဧပြီ  ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ    အမှုတွဲ     ၁၂  မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၃၆၉၃၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ် မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်