
နေပြည်တော် မတ် ၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များက သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်း များအတွင်း တရားမဝင်သစ်မျိုးစုံ ၇ ဒသမ ၆၉၁ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၁၃၈၇၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ယနေ့တွင် ရှမ်း ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့ရှောင် လမ်းမကြီး နမ္မတူလမ်းခွဲအနီးတွင် တန့်ယန်းမှ မူဆယ်သို့ ထွက်ခွာ လာသည့် မော်တော်ယာဉ်များအား လားရှိုးမြို့နယ် တာဝန်ကျ အကောက်ခွန်အဖွဲ့ ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ် အချိုရည် မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၆၉၅၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၆၉၅၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အတွင်း လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်နှစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀ နှင့် စိုက်ပျိုးရေး သုံးပစ္စည်းနှင့် စားသောက်ကုန် မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၄၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ဗန်းမောက်မြို့နယ်အတွင်း တရား မဝင် ကျွန်းသစ်နှင့် ကျွန်းခွဲသား ၂၁ ဒသမ ၅၇၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၂၉၆၈၀ ကို သစ်တောဥပဒေအရ လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၆၉၆၈၀ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်း မှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၆၇၇၈၅၅၀) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်