
နေပြည်တော် သြဂုတ် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဇူလိုင် ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန် သေတ္တာနှစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ၁၄၀၇ ကီလိုဂရမ်၊ Tea Pot ၅၂၄ ဒသမ ၃ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ၁၆၄ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၄၉၀၀၄၇) ကိုလည်းကောင်း၊ ထီးတန်း ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Sanitary Ware ၇၄၅ ခု၊ လျှပ်စစ်အပိုပစ္စည်း ၉၈၅ ဒသမ ၉ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၇၅၃၂၃၆) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Roadone ကား တာယာ ၉၆ လုံး၊ ထိုင်းနိုင်ငံထုတ် Knorr ကြက်သား မှုန့်ထုပ် ၄၈၀၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၁၁၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီးနှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၈၃၅၃၂၈၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၃၀ ရက်တွင် မန္တလေးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဂျင်းဘောင်း ဘီရှည်အထည် ၄၇၀၊ ဆွယ်တာအင်္ကျီ ငါးထည် အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၂၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Toyota Hilux Surf တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၉၄၂၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ လမ်းမတော်မြို့နယ် မော်တင် ယာယီဈေးရပ်ကွက် လမ်းသစ်လမ်း(တို) ဂိုဒေါင် အမှတ် (B-4)၌ တရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၇၈၀ ၊ ပုဇွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ၃၅ ပုံး အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၈၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင် တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ တစ်လီတာပါ ဘူး ၄၈၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈၄၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Uncle Barns Tempura Flour အိတ် ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် တို့အတွင်း၌ တရားမဝင် သစ်မာ ၂ ဒသမ ၈၉၈ တန်၊ အခြားသစ် ၁ ဒသမ ၅၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၃၀၂၄)ကို သစ်တော ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၉၇၃၀၂၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် များ ဖြစ်သည့် Honda Fit သုံးစီး၊ Toyota Crown တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တရားမဝင် စက်သုံးဆီ ဓာတ်ဆီဂါလန် ၂၈၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၈၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ခန္တီးမြို့နယ်၌ လိုင်စင်မဲ့ Kenbo 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၁၁၀၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၂ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၆၈၄၈၅၀၇) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်