
နေပြည်တော် မေ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ တောင်ငူမြို့သို့ သွားရောက်မည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည် ဝန်စည်များနှင့် ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့အလှကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၄၄၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အဝတ်အထည်နှင့် လက်ကိုင် အိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၁၄ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ် အတွင်း တရားမဝင်ဒီဇယ်နှင့် ချက်ဆီသန့် ၁၅၇၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀ ၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်အင်ခွဲသား ၅ ဒသမ ၈၀၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၁၇၂) ကို သစ်တောဥပဒေအရ လည်းကောင်း ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်ဘိုင်းဒါး ကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲသားနှင့် ပျဉ်းကတိုးခွဲသား ၁၈ ဒသမ ၂၁၄၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၆၂၉၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၆၃၁၅၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်