တရားမဝင် သစ်မျိုးစုံ၊ ဓာတ်မြေသြဇာများ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန်   ၂


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး      ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူ နိုင်ရေး   ဆောင်ရွက်လျက်ရှိရာ မေ  ၃၁ ရက်တွင်    မကွေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   မင်းလှမြို့နယ်      မင်းလှ-မင်းဘူးကားလမ်း ညောင်ပင်သာ စစ်ဆေးရေးဂိတ်၌   တရားမဝင် သယ်ဆောင်လာသော စက်သုံးဆီ ဂါလန် ၄၂၀၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၄၀၀၀ နှင့် အဆိုပါ စက်သုံး ဆီများ    တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး၊   ခန့်မှန်း တန်ဖိုးငွေကျပ်      ၁၃၈၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၇၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့ပြင်   ဇွန်  ၁   ရက်တွင် အကောက်ခွန်ဦးစီးဌာန၏  စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ်  မရမ်း ချောင်      အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်     စား သောက်ကုန်များ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၂၄၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး      အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ဇွန်  ၂  ရက်တွင် မွန်ပြည်နယ်       တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  ပူးပေါင်း စစ်ဆေးရေးအဖွဲ့က   စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကျိုက်မရော မြို့နယ်       ချောင်းနှစ်ခွ-တရနာ ကားလမ်း မိုင်တိုင်အမှတ် ၁၁/၄ အနီး၌ တရားမဝင် အင်သစ်ခွဲသား ၂ ဒသမ ၇၁၁၄ တန်     ခန့်မှန်း တန်ဖိုးငွေကျပ်   ၂၇၁၁၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ       စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်      အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန   ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ   စစ်ကိုင်း မြို့နယ်အတွင်း   ကုန်တင်ယာဉ် တစ်စီးပေါ်၌ တရားမဝင်  သယ် ဆောင်လာသော ဓာတ်မြေသြဇာ အိတ်   ၃၈၀    ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၀၀၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ယင်းအပြင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏     စီမံခန့်ခွဲမှု ဖြင့် ကော့ကရိတ်  (တံတားကျိုး) စုပေါင်း      စစ်ဆေးရေးစခန်း၌ တာဝန်ကျ  စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်မော်တော်ယာဉ်  တစ်စီး ပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လေအေး ပေးစက်နှစ်စုံ      ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀ နှင့် ဖော့ဖိနပ် မျိုးစုံ   ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀   စုစုပေါင်း   ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  မေ ၃၁ ရက်၊ ဇွန် ၁ ရက်နှင့်   ဇွန်  ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု     ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၆၉၁၄၀ ဖြစ်ကြောင်း တရား မဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ        သိရသည်။ 


သတင်းစဉ်