တရားမဝင် သစ်မျိုးစုံ၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ဖမ်းဆီးရမိ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၇ 


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ ၁၅ ရက်တွင် ရခိုင်ပြည်နယ်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ  ကျောက်ဖြူမြို့နယ်၊  အမ်းမြို့နယ်၊ သံတွဲမြို့နယ်နှင့်  တောင်ကုတ် မြို့နယ်တို့အတွင်း    တရားမဝင် သစ်မျိုးစုံ   ၁၂ ဒသမ   ၂၆၈၆    တန် စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၈၈၃၇ ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်  ဖေဖော်ဝါရီ  ၁၇   ရက်တွင်   စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့ရာ ကန့်ဘလူမြို့နယ် အတွင်း CANDA 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး   ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀  ကို   ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေ ဖြင့် အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 

 


၎င်းအပြင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန် ဦးစီးဌာနနှင့်    တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ    ရှောင်တခင် စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း      ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၅၆၀၀၀  ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန နှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ တောင်ငူ နှင့်    သာယာဝတီခရိုင်    သစ်တောကြိုးဝိုင်းများအတွင်း   တရားမဝင် သစ်မျိုးစုံ   ၁၁ ဒသမ ၀၅၅၄ တန် စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၄၁၄၂  ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင် ကရင်ပြည်နယ်  တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌    ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံ   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀ ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၅ ရက် နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁  မှု၊   ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၈၀၀၈၉၇၉  ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။                                                              

သတင်းစဉ်