
နေပြည်တော် မတ် ၂၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲခရိုင် တောင်ကုတ်မြို့နယ် အတွင်း တရားမဝင် ကညင်ခွဲသား ၃ ဒသမ ၅၅၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထား သည်နှင့် ကွဲလွဲစွာတင်သွင်းလာသော ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားခြင်းမရှိဘဲ အပိုပါရှိလာ သော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၂၃ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာ သော ဆပ်ပြာမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အတွင်း တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၉၂၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၆၂၀) ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့ နယ် ပခုက္ကူ-ရေစကြို ကားလမ်းပေါ်တွင် ချက် ဒီဇယ်ဆီ ဂါလန် ၇၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၉၂၆၂၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထပ်မံ၍ မတ် ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သာယာဝတီမြို့နယ် သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင် သုံးဆယ် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၁၂၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၄၁၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၃ ဒသမ ၀၇၃၇ တန်နှင့် အဆိုပါသစ်များတင်ဆောင် လာသော သုံးဘီးမော်တော်ယာဉ် သုံးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၁ ရက်၊ ၂၃ ရက်နှင့်၂၄ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၁၂၇၄၇၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်