
နေပြည်တော် ဇူလိုင် ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့က ရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ဇူလိုင် ၁၈ ရက်က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သော ဂဟေဆော်စက်ဆက်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၄၀၀၀၀)ကို လည်း ကောင်း၊ ဇူလိုင် ၁၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သော SUE SAT တံဆိပ်ပါ ဆပ်ပြာ မှုန့်ဖာ ၁၄၀(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
အလားတူ ဇူလိုင် ၁၉ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ပဲခူးခရိုင် ပဲခူးမြို့နယ်အတွင်း ကျွန်းပါကေး (အကြမ်းတုံး)များ ၁ ဒသမ ၃၇၂၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၆၀၄၈) ကို လည်းကောင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်နှင့် မြောက်ဇာမရီ ကြိုးဝိုင်းအတွင်း ကျွန်းပရိဘောဂ အကြမ်းထည်များ၊ ပျဉ်းကတိုး ခွဲသားနှင့် ကျွန်းသစ် ၇ ဒသမ ၄၀၉၂ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၄၀၆၈) ကို လည်းကောင်း၊ တောင်ငူခရိုင်အတွင်းရှိ ကျောက် မဆင်ကြိုးဝိုင်းနှင့် ရိုးမကြိုးပြင် ကာကွယ်တောအတွင်း ဒီးဒူး ခွဲသား၊ ကျွန်းခွဲသား (ပွတ်လုံး)၊ ကြို့ခွဲသား၊ ပျဉ်းကတိုးခွဲသား ၃ ဒသမ ၂၂၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆၁၇၇၆) ကို လည်း ကောင်း စုစုပေါင်း၁၂ ဒသမ ၀၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၁၈၉၂) ကို ဖမ်းဆီးရမိခဲ့ပြီး (ဝဲပုံ) သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အမှုတွဲ ကိုးမှု
သို့ဖြစ်ပါ၍ ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈၇၁၈၉၂ ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်