တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်     သြဂုတ်    ၂


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်  ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က  စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ  မြိတ်မြို့  ကလွင်မီးပြ မြောက် ဘက် (၀ ဒသမ ၆ ) မိုင်ခန့်အကွာတွင်  တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၂၂၂၀) တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၃၃,၃၀၀)နှင့် အဆိုပါသစ်များ သယ်ဆောင် လာသည့် သစ်သားကိုယ်ထည် စက်လှေ တစ်စင်း နှင့်    ဆက်စပ်ပစ္စည်းများ   (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀,၀၀၀)    စုစုပေါင်း       (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၅၃,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေ နှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ ဇူလိုင် ၃၁  ရက်တွင်  ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်   ပဲခူးမြို့နယ်    အကောက်ခွန်ဦးစီး ဌာနမှူးရုံးမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ  ဆောင်ရွက်ခဲ့ရာ  မြဝတီမြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌  စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့်      စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊      မော်တော်ယာဉ်အပိုပစ္စည်း၊ အဝတ်အထည်ဟောင်း  (ဘေထုပ်)   များနှင့် ဘုရား ဆင်းတုတော်များ       (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၄၃၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် NI DI Bus အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဘုရားကြီးတိုးဂိတ်အနီး၌ မော်လမြိုင် မြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်  တင်ယာဉ် တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း  အထောက်အထား   တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း မရှိသည့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၄၇၀,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Express အမျိုးအစား မော်တော်ယာဉ်   တစ်စီး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)   ကို  လည်းကောင်း  (အပေါ်ပုံ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၉၀၅,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်      ကရင်ပြည်နယ်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ကော့ကရိတ် (တံတားကျိုး)  စုပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းများ( ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင် သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တင်ပို့ခွင့် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့်  တရုတ်နိုင်ငံထုတ် DJI တံဆိပ်  Drone တစ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်၍  ဇူလိုင် ၃၀ ရက်၊ ၃၁ ရက်နှင့် သြဂုတ်  ၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀  မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၉,၆၂၈,၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။            

သတင်းစဉ်