တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းဆီးရမိ

 

နေပြည်တော်    မေ   ၂၇


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး     ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၅  ရက်တွင်  ရန်ကုန်တိုင်းဒေသ ကြီး       တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့်    သစ်တောဦးစီးဌာန ဦးဆောင်သော  ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ‌‌ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်    ထန်း တပင်မြို့နယ်  ထန်းတပင်-သီတာ အေးလမ်း  တိုးဂိတ်အနီး၌  တရား မဝင်   ကျွန်းတံခါးချပ်နှင့်  ကျွန်း တံခါးချပ်အပိုင်းအစများ ၀ ဒသမ ၉၄၂၈တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၂၂၄၈)နှင့်    အဆိုပါ သစ်များ   တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုး    ငွေကျပ် ၁၀၀၀၀၀၀၀)  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၂၂၂၄၈)    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ  မေ ၂၆  ရက်တွင် ရခိုင်ပြည်နယ်       တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် သစ်တော ဦးစီးဌာနဦးဆောင်သော  စစ်‌ဆေး ရေးအဖွဲ့က      စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ    တောင်ကုတ် မြို့နယ်အတွင်း     တရားမဝင် ကျွန်းခွဲသား ၀ ဒသမ ၄၃၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၆၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး  သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ  မေ ၂၇  ရက်တွင် ကရင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ကော့က ရိတ် (တံတားကျိုး)    စုပေါင်း စစ်ဆေးရေးစခန်း၌  တာဝန်ကျ စစ်ဆေးရေးအဖွဲ့က   စစ်‌ဆေးမှု များ ဆောင်ရွက်ခဲ့ရာ    ကုန်တင် ယာဉ်   တစ်စီးပေါ်၌  တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ    တင်ပြနိုင်ခြင်းမရှိ သည့် ကားတာယာများနှင့်ဆပ်ပြာ မှုန့်ထုပ်များ     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၉၀၀၀) ဖမ်းဆီးရမိ ခဲ့ပြီး    အကောက်ခွန်    လုပ်ထုံး လုပ်နည်းနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်    စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့်     စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သောအဖွဲ့က ယင်းမာပင်      မြို့နယ်အတွင်း  လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၅၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရ  လည်း ကောင်း၊    သစ်တောဦးစီးဌာန ဦးဆောင်သောအဖွဲ့က စစ်ကိုင်း မြို့နယ်အတွင်း     တရားမဝင် ပိတောက်ခွဲသား ၉ ဒသမ ၅၆၇၀ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁၄၂၂၀)ကို  သစ်တောဥပဒေ အရလည်းကောင်း စုစုပေါင်း(ခန့် မှန်းတန်ဖိုးငွေကျပ်  ၆၄၆၄၂၂၀) ကို ဖမ်းဆီးအရေးယူ  ဆောင်ရွက် လျက်ရှိသည်။    

 


သို့ဖြစ်ပါ၍  မေ ၂၅ ရက်၊၂၆ ရက်နှင့် ၂၇ ရက်တို့တွင်  ဖမ်းဆီး ရမိမှုစုစုပေါင်းမှာအမှုတွဲ ခြောက်မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၀၉၂၅ ၀၆၈)ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်