
နေပြည်တော် ဇန်နဝါရီ ၂၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး ခရိုင် သစ်တောကြိုးဝိုင်းအတွင်းရှိ တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၂၀၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၀၁၄) ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့များ ဖြင့် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့ သို့ သွားရောက်မည့် ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ သည့် တရုတ်နိုင်ငံထုတ် Sanook ထမင်းပေါင်းအိုး ၄၂၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ယနေ့တွင် ကရင် ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သာမည-အိန္ဒုကြား အာရှလမ်း ပေါ်တွင် သတင်းအရ ရှောင်တခင် စစ်ဆေးခဲ့ရာ ဒီဇယ်ဆီ ပီပါ ၄၇ ဂါလန် ၅၅ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၃၄၀၀၀၀)နှင့် အဆိုပါ ဒီဇယ်ဆီပီပါများ သယ်ဆောင် လာသော ယာဉ်အမှတ်၊ 3I/1949 (Nassan Diesel) ၁၂ ဘီး ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၃၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာမြို့နယ်တွင် ကျွန်းသစ် ၂ ဒသမ ၇၄၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၁၆၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ပါ၍ ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဖမ်းဆီးရမိမှုစုစုပေါင်း မှာ အမှုတွဲငါးမှု စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၄၅၆၁၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်