
နေပြည်တော် ဇွန် ၁၇
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မယ်ယန်း ပူးပေါင်း စစ်ဆေး ရေးစခန်း၌ အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ခရီး သည်တင် မှန်လုံယာဉ် တစ်စီးပေါ်၌ တရားမဝင် တင်ဆောင်လာသော ဆေး ခြောက်ပါဝင်သည်ဟု ယူဆ ရသည့် ဆေးခြောက်ရွက်ပုံ တံဆိပ် ရိုက်နှိပ်ထားသော အချိုရည်ဘူး ၉၅ ဖာ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၃၂၀၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် ကုန် လှောင်ရုံ (လေဆိပ် သွင်း ကုန်) ၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဌာနခွဲ၊ အကောက်ခွန် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ (ID)တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော မျက်စဉ်းဆေးရည်ဘူး ငါးဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀)ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ဇွန် ၁၅ ရက် တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ သွင်းကုန် ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး လာရောက်ထုတ် ယူခြင်းမရှိဘဲ ပိုင်ရှင်မှ စွန့်လွှတ်သည့် HYUNDAI GRACE အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၀၀၀၀၀)နှင့် KIA PREGIO အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀)ကို လည်း ကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော ကလေးကစားစရာ အရုပ် မျိုးစုံ (ခန်းမှန်းတန်ဖိုးငွေကျပ် ၈၂၃၂၀၀၀)ကို လည်း ကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာ လွှာ (ID)တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော ကလေးကစားစရာ အရုပ် မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၂၅၃၂၀၀၀)ကို လည်း ကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၂၆၄၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ချင်းပြည် နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ် ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မတူပီ မြို့နယ်အတွင်း တရားမဝင် ချက်အရက် ခြောက်ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်း အက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ဇွန် ၁၅ ရက်တွင် သရက်မြို့နယ် အတွင်း တရားမဝင် ရေနံစိမ်း ဂါလန် ၁၅၀ နှင့် ရေနံတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၅၀၀၀)ကို ရေနံ နှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ ဇွန် ၁၆ ရက်တွင် အောင်လံ မြို့နယ်နှင့် ကံမမြို့နယ် တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၃ ဒသမ ၉၂၉၂ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၂၁၅၂)ကို သစ်တော ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၂၇၁၅၂) ကို ဖမ်းဆီးအရေးယူ ဆောင် ရွက်လျက်ရှိသည်။
ယင်းအပြင် ဇွန် ၁၆ ရက် တွင် ကရင်ပြည်နယ် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ကော့ကရိတ် (တံတား ကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ စစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် ကြွေပြား ချပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂၀၀၀၀)နှင့် မိုဘိုင်းလ်ဖုန်း ၃၅ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၃၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၅၀၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ဧရာဝတီတိုင်း ဒေသကြီး တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တော ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘိုကလေး မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၉ ဒသမ ၅၀၀၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၅၀၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇွန် ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ပဲခူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၅၁၂၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၂၀၄၄၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၀၄၂၁၅၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်