တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၂၈


တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ    ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ ဇူလိုင်    ၂၅    ရက်က     မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  ၁၆ မိုင်  ကျောက်ချောစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ        မော်တော်ယာဉ်တစ်စီးပေါ်၌ တင်သွင်းခွင့်   စာရွက်စာတမ်း    အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဓာတ်မြေသြဇာ  အိတ်   ၇၀   (ခန့်မှန်းတန်ဖိုးငွေကျပ်    ၃၆၀၀၀၀၀)၊ ဒူးယားစီးကရက်  ၆၅၀၀  တောင့်  (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၉၅၀၀၀၀၀)၊      လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၅၀၀၀)၊ တရုတ်နိုင်ငံထုတ် (DLNA)တံဆိပ် အထိုင်ဖုန်း  ၅၉၈ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၂၃၉၂၀၀၀၀)  နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   ခရီးသည်တင်   မှန်လုံယာဉ် တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၇၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၆၅၄၉၅၀၀၀    ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ဇူလိုင် ၂၆ ရက်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွန်းစုမြို့နယ် ကပ ကျေးရွာအုပ်စု တာတကြီးကျွန်း အရှေ့တောင်ဘက် တွင် တရားမဝင် တောင်ဘိန်း သစ်ခွဲသား ၅  ဒသမ ၂၃၀၂ တန်   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၈၄၅၃၀) နှင့် အဆိုပါသစ်များ    တင်ဆောင်လာသည့်    သစ်သား ကိုယ်ထည်လှေတစ်စင်းနှင့်      ဆက်စပ်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၅၀၀၀၀  ကို   သစ်တော ဥပဒေအရလည်းကောင်း၊    ဇူလိုင်  ၂၇   ရက်တွင် ထားဝယ်မြို့ ဗျောတောဝရပ်ကွက် စစ်ဆေးရေးဂိတ်၌ တပ်မတော်၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော     ပူးပေါင်းစစ်ဆေးရေး အဖွဲ့က    စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    ပကာရီ ကျေးရွာ၊  လိပ်ကြပ်ပြောင်းကျေးရွာမှ ထားဝယ်မြို့ ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး ပေါ်၌  တရားမဝင်သယ်ဆောင်လာသော ခဲသတ္တု ရောရာ ၃၁၀    ကီလိုဂရမ်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀)  ကို    မြန်မာ့သတ္တုတွင်း   ဥပဒေအရ လည်းကောင်း စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၃၄၅၃၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိ သည်။

 


ထို့အတူ ဇူလိုင် ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ       သရက်မြို့နယ်အတွင်း၌ တရားမဝင်  ရေနံစိမ်းဂါလန်  ၁၀၀  နှင့် ရေနံတူးဖော် ရာတွင်  အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၁၉၂၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး ရေနံလက်ယက်တွင်းဆိုင်ရာ      ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေး အဖွဲ့က   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    ရန်ကုန် မြောက်ပိုင်းခရိုင်  လှည်းကူးမြို့နယ်အတွင်း တရား မဝင် ကျွန်းခွဲသားနှင့်  ကျွန်းပရိဘောဂ  အပိုင်းအစ များ ၀ ဒသမ ၅၆၈၀  တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၄၈၈၀) နှင့်  အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Probox အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၃၀၀၀၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၃၃၇၄၈၈၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏        စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်        အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော   အကောက်ခွန်စစ်ဆေးရေးအဖွဲ့က ကျိုင်းတုံမြို့မှ တောင်ကြီးမြို့အထွက်တွင် ကင်းလှည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ     ကျိုင်းဖောင်းရွာ အနီး၌   အကောက်ခွန်မဲ့   အင်ဂျင်ဝိုင်ဘူး ၆၅ ဖာ (ခန့််မှန်းတန်ဖိုးငွေကျပ် ၄၅၅၀၀၀၀) ကို  သိမ်းဆည်း ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်  ဇူလိုင်  ၂၈  ရက်တွင် ပဲခူးတိုင်း ဒေသကြီး     တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏       စီမံခန့်ခွဲမှုဖြင့်    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က  ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း  တရားမဝင်   ကျွန်းသစ်  ၁၀   ဒသမ   ၁၁၈၂  တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇၆၈၅၂)  ကို  သစ်တောဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က         ဘုရားကြီးတိုးဂိတ်အနီး ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  မြဝတီ မြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ  (ID)  တွင် ကြေညာထားခြင်းမရှိသော      ဆောက်လုပ်ရေးသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့်  နောက်တွဲ ယာဉ်ပါ   Cheng Long အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကို  လည်းကောင်း၊ ထပ်မံ၍ ကုန်တင်ယာဉ်တစ်စီးပေါ်၌ အထည်အလိပ်နှင့်  လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၇၀၆၂၅၀) နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား  ၁၂    ဘီး   ကုန်တင်ယာဉ်တစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) တို့ကို  အကောက်ခွန် လုပ်ထုံး လုပ်နည်းအရလည်းကောင်း     စုစုပေါင်း    ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅၁၃၃၁၀၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍ ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈    ရက်တို့တွင်  ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၇  မှု၊  ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၂၆၈၇၉၅၁၂ ဖြစ် ကြောင်း      တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

         

သတင်းစဉ်