တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်း၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇူလိုင်   ၂၆


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ ဇူလိုင်  ၂၃  ရက်တွင်     မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ    ဆောင်ရွက်ခဲ့ရာ   ပြင်ဦးလွင်ကားလမ်း မိုင်တိုင်(၂၀) (၅)ဖာလုံခန့်တွင် ကုန်တင်ယာဉ် တစ်စီး ပေါ်၌  တင်သွင်းခွင့်   စာရွက်စာတမ်း   အထောက် အထား    တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့်   မော်တော်ယာဉ်အပိုပစ္စည်း များ   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၃၇၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲ ယာဉ် (Semi Trailer) ပါ  ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၇၂၀၀၀) ကို ဖမ်းဆီး ရမိပြီး  ပင်လယ်ရေကြောင်း  အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ဇူလိုင် ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ    ဆောင်ရွက်ခဲ့ရာ  ချောက်မြို့နယ်အတွင်း တရားမဝင် ရေနံစိမ်း ဂါလန် ၈၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၄၂၁၁၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ    ဥပဒေအရလည်းကောင်း၊  သရက်ခရိုင် ကံမမြို့နယ် ပုသိမ်-မုံရွာ ကားလမ်း  မိုင်တိုင်အမှတ် ၁၆၀/၆ အရှေ့ဘက်၌ တရားမဝင် သစ်မျိုးစုံ(၁ ဒသမ ၈၀၀၄) တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၈၃၁၂) ကို  သစ်တောဥပဒေအရလည်းကောင်း  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၀၄၂၂)ကို   ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် ဇူလိုင် ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ    ဆောင်ရွက်ခဲ့ရာ    မောင်တောမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များအတွင်း       တရားမဝင် သစ်မျိုးစုံ (၃၅ ဒသမ ၉၅၅၈)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၉၂၆၁၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ    ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန  ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၇ ဒသမ ၇၃၇၄)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၉၃၅၄၉၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က  ပဲခူးမြို့နယ်အတွင်း  Nissan Fairlady -350Z အမျိုးအစား လိုင်စင်မဲ့ ပြိုင်ကား တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၅၀၀၀၀၀) (ဝဲပုံ)ကို     ပို့ကုန်သွင်းကုန်ဥပဒေအရ    လည်းကောင်း စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၄၃၅၄၉၂) ကို  ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်၍   ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၆  ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၂၆၀၅၂၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။  


သတင်းစဉ်