
နေပြည်တော် မေ ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ သံတိုသံစ(အဟောင်း)များနှင့်အတူ ရောနှောသယ်ဆောင် လာသော တရားဝင်စာရွက် စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကား အပိုပစ္စည်းများ နှင့် ဟော့ပေါ့ဆိုင်သုံး ပစ္စည်း အမျိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၇၄ ၉၇)၊ Wheel Loader လုပ်ငန်းသုံး ယာဉ်အဟောင်း တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသော Mits-ubishi Fuso အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၈၇၄၉၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အရေးယူဆောင်ရွက်
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် ရေနံချေး ပိဿာ ၇၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က တရားမဝင် ဂျုံမှုန့်အိတ် များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀ အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သစ်ခွဲသားများ ဖမ်းမိ
ထို့အတူ မေ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များက တောင်ငူခရိုင်နှင့် သာယာ ဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုးသစ်ခွဲသား၊ ဒွနီသစ်ခွဲသားနှင့် ကညင်သစ်ခွဲ သားများ ၃၈ ဒသမ ၁၈၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၉၇၃၁၈) ကို သစ်တောဥပဒေ အရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့များက ဒိုက်ဦး-စစ်တောင်းကားလမ်း (ဗျူဟာ လမ်း) မိုင်တိုင်အမှတ် (၇/၀)၌ TOYOTA အမျိုးအစား Mjar နှင့် RACITS (လိုင်စင်မဲ့) မော်တော် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၈၉၇၃၁၈ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၃၈၄၈၁၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်