
နေပြည်တော် မေ ၂၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီး ကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီထိရောက်စွာ တားဆီးအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသား ၀ ဒသမ ၅ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသော TOYOTA REGIUS ACE အမျိုး အစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀ ၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့များက စစ်ကိုင်းမြို့နယ် အတွင်း Hino Profia အမျိုးအစား လိုင်စင်မဲ့ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ဝဝဝဝဝဝ)နှင့် ရွှေဘိုမြို့နယ် အတွင်း လိုင်စင်မဲ့ထော်လာဂျီ ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅ဝဝဝဝဝ) တို့အား ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း ကျွန်း တိုင် ၂ ဒသမ ၅၉၂၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ဝဝဝဝ) အား သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များ အတွင်း တရားမဝင် ကျွန်းသစ် ၁၄ ဒသမ ၇၂၄၁ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၉၈၀၆၂၀) ကို သစ်တော ဥပဒေအရလည်း ကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က ဒိုက်ဦး- စစ်တောင်းကားလမ်း (ဗျူဟာလမ်း)နှင့် ရန်ကုန်-မော်လမြိုင် သွားကားလမ်းဆုံ မိုင်တိုင်အမှတ်(၈၁/၄) နှင့် (၈၁/၅)အကြား၌ TOYOTA ALPHARD အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၉၈၀၆၂၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၁၃၀၆၂၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်