တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်၊ စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ ၁၆ 


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲ မှုဖြင့်    တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ  အထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်စိမ်း အရိုင်းတုံးဆိုဒ်စုံ စုစုပေါင်းအလေးချိန် ၂၄၃ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ ကျောက်မျက်ရတနာဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်  ဖေဖော်ဝါရီ   ၁၄   ရက် တွင်  ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာ   ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြင့် သတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက် အထား  တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် စားသောက် ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀) နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသော   MITSUBISHI Chariot    အမျိုးအစား   မော်တော်ယာဉ် တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၂၅၀,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့်    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း    ကုန်သေတ္တာ စစ်ဆေးရေးစခန်း အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်း မရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၃၄,၁၁၄) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ အကောက်ခွန်အဖွဲ့မှ    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID  တွင်   ကြေညာထားခြင်းမရှိသော တရားဝင်စာရွက်စာတမ်း  အထောက် အထား  တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း မရှိသည့် အသည်းအားဆေးအထုပ် ၈၀၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်   မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  (၁၆) မိုင် ကျောက်ချော      စစ်ဆေးရေးစခန်း တာဝန်ကျ     အကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ     တရားဝင် စာရွက်စာတမ်း    အထောက်အထား တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံး ကုန်ပစ္စည်းမျိုးစုံ  စုစုပေါင်း  (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၆၅၇,၀၀၀) ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း   အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့်   တရုတ်နိုင်ငံထုတ်  ကြက်သား အမျှင်အထုပ်    ၂၀    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသော FF-2856 (AD VAN) ယာဉ်အမျိုးအစား တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ         ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့ အတွင်း တရားမဝင်သစ်မျိုးစုံ (၁၁ ဒသမ ၁၄၈၀)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင် ရွက်လျက်ရှိသည်။

 


ထို့အပြင် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ များက သတင်းအရ သွားရောက်စစ်ဆေး ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း   တရား မဝင် သစ်မျိုးစုံ  ၁၅  ဒသမ   ၂၀၆၀ တန် စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၄,၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေဖြင့်   အရေးယူဆောင်ရွက်လျက် ရှိသည်။

 


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေး ခဲ့ရာ       အင်းတော်မြို့နယ်အတွင်း FLOYMO-125 TRACKE အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀) နှင့် ဟုမ္မလင်းမြို့နယ်အတွင်း    ရွှေသတ္တု တူးဖော်ရာတွင် အသုံးပြုသည့်  အင်ဂျင် ငါးလုံး        (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀၀၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့်   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်၊   ၁၅   ရက်နှင့်  ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၂၅၈၃၄) ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။             

သတင်းစဉ်