
နေပြည်တော် ဇန်နဝါရီ ၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No. 100192145540 (23.12.2021) ကုန်သေတ္တာအမှတ် TEMU-3911040 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော Motorcycle Spare Part ကို စစ်ဆေးခဲ့ရာ Import Declaration (ID) တွင် ကြေညာထားခြင်းမရှိသည့် Motorcycle Spare Parts Item ၁၀ မျိုး၊ (97029)U, (5050)Kg ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅ ဒသမ ၂၁၅ သန်းကို လည်းကောင်း၊ Network Camera Recorder (46)U ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ ဒသမ ၅၆ သန်းခန့်ကို လည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။
ထို့အတူ ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No, 100191620541 (19.12.2021) ကုန်သေတ္တာအမှတ် ZCSU-T243403 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ငါးမျိုးကို စစ်ဆေးခဲ့ရာ Item (1) Induction Cooker တစ်မျိုး သာ မှန်ကန်မှုရှိပြီး ကျန် Item လေးမျိုးမှာ ပါရှိ လာခြင်းမရှိပေ။ ID တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်း Item လေးမျိုး၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈ ဒသမ ၄ သန်းခန့်ကို လည်းကောင်း၊ Chemical ပစ္စည်း Item နှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅၂ သန်းခန့်ကို လည်းကောင်း အမှုတွဲ ဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။
အလားတူ ယင်းနေ့တွင် မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No. 100191619621 (19.12.2021) ကုန်သေတ္တာအမှတ် ZC5U-T784408 (1x40') ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ရှစ်မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item (2) Racking System တစ်မျိုးသာ ကိုက်ညီမှန်ကန်မှု ရှိသည်။ ကျန် Item ခုနစ်မျိုးမှာ ပါရှိလာခြင်းမရှိပေ။ ID တွင် ကြေညာထားခြင်းမရှိသည့် Chemical ပစ္စည်း Item ခြောက်မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၆၈၂ သန်းခန့်ကို လည်းကောင်း၊ အလှကုန် ပစ္စည်း Item ၁၁ မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉ ဒသမ ၀၃ သန်းခန့်ကို လည်းကောင်း၊ လူသုံးကုန် ပစ္စည်း Item သုံးမျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉ ဒသမ ၈၁ သန်းခန့်ကိုလည်းကောင်း၊ အဝတ်အထည် ဟောင်း Item သုံးမျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ ဒသမ ၅ သန်းခန့်ကို လည်းကောင်း အမှုတွဲ ဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့သည်။
ထို့အတူ ယင်းနေ့တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No. 100191618661 (19.12.2021) ကုန်သေတ္တာအမှတ် JXLU-6640509 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item ၁၁ မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item ခုနစ်မျိုးသာ ကိုက်ညီမှန်ကန်မှုရှိပြီး ကျန် Item လေးမျိုးပါရှိခြင်း မရှိပေ။ ID တွင် ကြေညာထားခြင်း မရှိသည့် Chemical ပစ္စည်း Item နှစ်မျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် (၃ ဒသမ ၁၁၅)သန်းခန့်ကို လည်း ကောင်း၊ Phone Battery Item ခုနစ်မျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅ ဒသမ ၄၃ သန်းခန့်ကို လည်း ကောင်း၊ အလှကုန်ပစ္စည်း Item ခြောက်မျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁ ဒသမ ၅၄ သန်းခန့်ကို လည်း ကောင်း၊ စားသောက်ကုန် Item လေးမျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၃၆ သန်းခန့်ကို လည်း ကောင်း၊ လူသုံးကုန်ပစ္စည်း Item ငါးမျိုး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၃၆၂ သန်းခန့်ကို လည်း ကောင်း အမှုတွဲ ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၃၁ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု တစ်မှု၊ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၁၂၇ ဒသမ ၇၇၅ သန်းခန့်နှင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု သုံးမှု၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈ ဒသမ ၅၈၁ သန်းခန့်တို့ဖြစ်၍ ဖမ်းဆီးရမိမှု စုစုပေါင်းလေးမှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၃၄၆ ဒသမ ၃၅၆ သန်းခန့်ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိမှု လေးမှုနှင့် ပတ်သက်၍ အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်