
နေပြည်တော် မတ် ၁၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက်က မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော SCANIAR အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၁၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် တာဝန်ကျအကောက် ခွန်အဖွဲ့မှ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး တန့်ယန်းလမ်းခွဲအနီးတွင် သတင်းအရ စစ်ဆေးမှု များဆောင်ရွက်ရာ တန့်ယန်းမှ လားရှိုးသို့ ထွက်ခွာလာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ LEDIAN အမှတ်တံဆိပ်ပါ တရားမဝင် ဘီယာဘူးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉၅၀၀၀၀)နှင့် အဆိုပါ စားသောက်ကုန်ပစ္စည်းများ တင်ဆောင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၉၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ မတ် ၁၀ ရက်တွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်းမရှိသော စားသောက် ကုန်ထုတ်လုပ်ရာတွင် အသုံးပြုသည့် တရားမဝင် ကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၀၀၀၀၀)ကို လည်းကောင်း၊ မတ် ၁၁ ရက်တွင် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးမှုများဆောင်ရွက်ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် ဆိုင်ကယ်အင်ဂျင်ဝိုင်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၆၇၈၁၀၀)ကို လည်းကောင်း၊ အဆိုပါနေ့တွင်ပင် ကုန်သေတ္တာတစ်လုံးကို ဆိပ်ကမ်းတာဝန်ကျအဖွဲ့စုံဖြင့် စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အထည်ကုန်ကြမ်းပစ္စည်များနှင့် ကြွေပန်းအိုးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၉၆၀ ၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၅၇၂၇၄၁၀၀ ကို ဖမ်းဆီးရမိပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း ၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ရာ သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားခြင်းမရှိသော တရားမဝင် လုပ်ငန်းသုံး ဓာတုကုန်ကြမ်းပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၅၅၀၀၀၀)ကို ဖမ်းဆီးရမိပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောင်းဆုံမြို့နယ်အတွင်း တရား မဝင်သစ်မျိုးစုံ (၄ ဒသမ ၀၀၅၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၃၇၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၃ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်များ တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲကိုးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၀၅၄၄၇၈ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်