
နေပြည်တော် ဇူလိုင် ၁၂
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်း ဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူး များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာမြင့်ကြောင်းနှင့် သင်တန်းသို့ ဒုတိယညွှန်ကြား ရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးအဆင့်ရှိ သင်တန်း သား ၁၁ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်