တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများပေးအပ်

 

ရန်ကုန်    ဩဂုတ်   ၂


တရားသောစစ်   အောင်မြင်စေရေး နှင့်   ကိုယ်ကျိုးစွန့်ကာ    ပြည်သူ လူထု၏  အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ်စောင့်ရှောက်ပေး နေသည့်     တပ်မတော်သားများ၊ လုံခြုံရေး   တပ်ဖွဲ့ဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး  မင်္ဂလာခန်းမ၌   ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသ ကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်း များနှင့်   ဝန်ထမ်းမိသားစုများ၏လှူဒါန်း‌မှုများ၊      တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ တာဝန် ရှိသူများ၏လှူဒါန်းမှုများ၊ အလှူရှင် ပြည်သူများ၏   လှူဒါန်းမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့်      တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက လက်ခံရယူပေးကြ ပြီး      ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍   တိုင်းဒေသ ကြီးဝန်ကြီးချုပ်က   ကျေးဇူးတင် စကားပြန်လည်ပြောကြား သည်။


အဆိုပါ         လှူဒါန်းရရှိသည့် အလှူငွေစုစုပေါင်းမှာ   ငွေကျပ် ၅၆၂၈၈၀၀၀၀ နှင့် ပစ္စည်းတန်ဖိုး မှာ ငွေကျပ်  ၁၂၅၆၄၈၀၀ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ်  ၅၇၅၄၄၄၈၀၀ ရရှိကြောင်းနှင့်  အဆိုပါ အလှူငွေ များနှင့်    စားသောက်ဖွယ်ရာ များကို      တပ်မတော်သားများနှင့် လုံခြုံရေး       တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်    ဆက်လက် ပို့ဆောင်ပေးနိုင်ရေး   တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ     အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန    ဝန်ထမ်း များက   ထုပ်ပိုးဆောင်ရွက်လျက် ရှိရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့က          လိုက်လံကြည့်ရှု အားပေးကြသည်။


နိုင်ငံတော်   ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ် စွန့်စားလိုစိတ်    ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ   ထမ်းဆောင်နေကြ သည့်     တပ်မတော်သားများနှင့် လုံခြုံရေး  တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်း မိသားစုများက  အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်းနှင့် ဝန်ကြီး ဌာနအလိုက်အရာထမ်း၊ အမှုထမ်း များက “တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ သမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊   ဘေးအန္တရာယ် ကင်းရှင်းပါစေ၊    တရားသော စစ်အောင်မြင်ပါစေ”   အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရ သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)