တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားပြီး သေဆုံးသူ ၁၄ ဦးအထိရှိလာ

 

 

 ဂွီရန် (Guiyang)  ဇန်နဝါရီ ၄ 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ် ဘီဂျီမြို့တွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးသူဦးရေ ၁၄ ဦးအထိမြင့်တက် လာကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၄ ရက်က ပြော သည်။ 
မြေပြိမှုသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီက ဖြစ်ပွားခဲ့ကြောင်း ဘီဂျီ အစိုးရအဖွဲ့က ပြောသည်။ 
ဒီဇင်ဘာ ၄ ရက် ညနေ ၂ နာရီ ၅ မိနစ်အထိ လူ ၁၇ ဦး တွေ့ရှိခဲ့ ကြောင်းနှင့် ၎င်းတို့အနက် ၁၄ ဦးမှာသေဆုံးခဲ့ပြီး သုံးဦးမှာ ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။ ဒဏ်ရာရရှိသူ သုံးဦး မှာ အခြေအနေတည်ငြိမ်ကောင်းမွန်လျက်ရှိသည်။ 
ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း မတော်တစ်ဆဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးချေ။ 
ဆင်ဟွာ