တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ကြောင်း ဒူတာတေးပြော

 

 

မနီလာ ဒီဇင်ဘာ ၁၄      
ဖိလစ်ပိုင်နိုင်ငံတွင်  ဒီဇင်ဘာ ၁၄  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၅ ဦးတိုးလာပြီးနောက် နိုင်ငံအတွင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၆၈၆၈ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့်  ၁၀  ဦး ထပ်မံ သေဆုံးမှုနှင့်အတူ  စုစုပေါင်းကိုဗစ်-၁၉ သေဆုံး သူပေါင်း ၅၀၃၅၁ ဦးအထိရှိလာခဲ့သည်။ 
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စကာ   ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု  လှိုင်းဂယက်သုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရ သည်။ 
နောက်ဆုံးကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလ တွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့ တစ်နေ့ တည်းကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆၃၀၃ဦးဖြင့် တစ်နေ့တည်း   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်သမ္မတဒူတာတေးသည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး   ထောက်ပံ့ပေးမှုကို ကျေးဇူးတင်ကြောင်း  ဖော်ပြခဲ့သည်။ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည်   မိတ်ဆွေကောင်းများဖြစ် ကြောင်း ဒူတာတေးက ပြောသည်။ 
ဖိလစ်ပိုင်နိုင်ငံတွင်   ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၉၇ သန်းကျော် ရှိလာခဲ့ပြီး ၃၈ သန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးပြီဖြစ်သည်။ 
အရှေ့တောင်အာရှ  နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်လွန်လာပြီဖြစ်သည်။
 ဆင်ဟွာ