
ပေကျင်း ဒီဇင်ဘာ ၂၀
တရုတ်နိုင်ငံ၏ နှစ်စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထုတ်လုပ်မှုပမာဏသည် ခုနစ်ဘီလီယံ
ရှိကြောင်း တရုတ်နိုင်ငံစက်မှုနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အဆိုပါ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝန်ကြီးရှောင်ယာကင်က ဒီဇင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၌ ပြုလုပ်သည့် အမျိုးသားအလုပ်သမား ညီလာခံတွင် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ နောက်ဆုံး အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်အထိ နိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၆၈ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်းလည်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်