တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးများ  ဖိလစ်ပိုင်နိုင်ငံသို့ ပို့ဆောင် 

 

 

မနီလာ   သြဂုတ်   ၃၁ 


အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လှုပ်ရှားမှုကို ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တစ်သုတ်ကို သြဂုတ် ၃၁ ရက်က ထပ်မံပေးပို့လိုက်သည်။
တရုတ်နိုင်ငံသည်   ဖေဖော်ဝါရီ ၂၈ ရက်မှစကာ   ပထမဆုံး ကိုရိုနာဗက်   ကိုဗစ်-၁၉  ကာကွယ်ဆေးများ   ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့ခဲ့ပြီး မတ် ၁ ရက်တွင် စတင်သော ကာကွယ်ဆေးထိုး လှုပ်ရှား မှုကို ကူညီပေးခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင်   ကိုဗစ်-၁၉    ကာကွယ်ဆေး  ၃၃ သန်းကို ထိုးပေးပြီးဖြစ်သည်။ လူဦးရေ ၁၃ ဒသမ ၈ သန်းကျော် ကာကွယ် ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သည်။ အစိုးရသည် ယခုနှစ်တွင် လူဦးရေ  သန်း ၇၀ အထိ   ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားသည်။ 
ယနေ့အချိန်အထိ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ် ဆေးထုတ်လုပ်သူများထံမှ  ကိုဗစ်-၁၉  ကာကွယ်ဆေး ၅၂ သန်း နီးပါးကို   လက်ခံရရှိထားသည်။   တရုတ်နိုင်ငံသည်   ကိုဗစ်-၁၉  ကာကွယ်ဆေးအများဆုံး     ထောက်ပံ့ပေးခဲ့သည့်    နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၁၉၈၉၈၅၇ ဦးရှိပြီး  ၎င်းတို့အနက်  ၃၃၄၄၈ ဦး သေဆုံး ခဲ့သည်။                                                  ဆင်ဟွာ