
ဘန်ဒါဆီရီဘီဂါဝမ် စက်တင်ဘာ ၁၃
တရုတ်နိုင်ငံအစိုးရက ပေးပို့သော ဆီနိုဖမ်းကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ ၁၀၀၀၀၀ မှာ ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၂ ရက် ညပိုင်းက ရောက်ရှိခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့်နှစ်မှစတင်ကာ ကိုဗစ်- ၁၉ ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရာ၌ တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် အတူတကွ လက်တွဲလုပ်ဆောင်ခဲ့သည်ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yu Hong က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တရုတ်နိုင်ငံထုတ် ဆီနိုဖမ်းကာကွယ်ဆေးအလုံးရေ ၅၂၀၀၀ ကို ဘရူနိုင်းနိုင်ငံက လက်ခံရရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် လက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ