တရုတ်နိုင်ငံ၌ အသက် ၆၀ နှင့်အထက်ရှိသူ ၂၀၆ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်

ပေကျင်း  နိုဝင်ဘာ  ၃၀


တရုတ်နိုင်ငံ၌  အသက် ၆၀ နှင့်အထက်ရှိသူ ၂၁၅ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့်   ယင်းလူဦးရေအနက် ၂၀၆ သန်း ကျော်အား   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်း    တရုတ်ကျန်းမာရေး   တာဝန်ရှိသူ တစ်ဦးက  ယနေ့တွင်  ပြောကြားသည်။


တရုတ်နိုင်ငံ၏    အမျိုးသားစာရင်းအင်းဗျူရိုက ပြီးခဲ့သည့်မေလအတွင်း  ထုတ်ပြန်သည့်  အချက် အလက်များအရ တရုတ်နိုင်ငံ၌ အသက် ၆၀ နှင့်
အထက်ရှိသူလူဦးရေသည်  ၂၆၄  ဒသမ ၀၂ သန်း ရှိကြောင်း သိရသည်။


လက်ရှိတွင်  တရုတ်နိုင်ငံ၌  နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောက်တွင်    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၅ ဘီလီယံနီးပါး  အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း     တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်းက ယနေ့တွင် ပြောကြားသည်။
ထို့ပြင်   တရုတ်နိုင်ငံ၌  လူဦးရေ ၁  ဒသမ  ၁ ဘီလီယံကျော်သည်  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး နှစ်ကြိမ်   ထိုးနှံပြီးဖြစ်ကြောင်းလည်း    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူ မီဖန်းက ဆက်လက်ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်