တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ အသစ်ထပ်မံကူးစက်မှုများ စစ်ဆေးတွေ့ရှိသည့်အတွက် လေကြောင်းလိုင်းများ၊ စာသင်ကျောင်းများအား ပြန်လည်ပိတ်သိမ်း

ပေကျင်း   အောက်တိုဘာ   ၂၁

 
တရုတ်နိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ အသစ်ထပ်မံ ကူးစက်မှုများ      စစ်ဆေးတွေ့ရှိသည့်အတွက် လေကြောင်းလိုင်းများ၊   စာသင်ကျောင်းများကို ပြန်လည်ပိတ်သိမ်းထားပြီး ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု လုပ်ငန်းစဉ်များကိုလည်း ကျန်းမာရေးအာဏာပိုင် များက အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 


အဆိုပါရောဂါကူးစက်မှု ထပ်မံတွေ့ရှိသူများ သည်   နိုင်ငံခြားသားခရီးသည် တစ်စုမှတစ်ဆင့် ကူးစက်နိုင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင် များက ဆိုသည်။ 
ရောဂါစစ်ဆေးမှုစစ်တမ်းများအရ   ဗိုင်းရပ်စ် ကူးစက်ခံရသူများအား      နိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများ၌ ငါးရက်ဆက်တိုက် စစ်ဆေးတွေ့ရှိခဲ့သည်။ 
နောက်ဆုံးစစ်ဆေးတွေ့ရှိသည့် ရောဂါကူးစက် ခံရသူ    ဇနီးမောင်နှံနှစ်ဦးသည်   နိုင်ငံခြားသား ခရီးသည်များနှင့်   ထိတွေ့ဆက်ဆံမှုရှိခဲ့ကြောင်း သိရသည်။   ၎င်းတို့သည် ရှီအန်း၊ ဂန်းဆုနှင့် မွန်ဂိုလီးယားအတွင်းပိုင်းသို့ မလာမီ ရှန်ဟိုင်းမြို့၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင် များက ဆိုသည်။ 


ထို့ပြင်  ရောဂါထပ်မံစစ်ဆေးတွေ့ရှိသူ အများ အပြားသည် အဆိုပါခရီးစဉ်များနှင့် ဆက်စပ်မှုရှိပြီး မြို့တော်ပေကျင်း အပါအဝင် အခြားသော စီရင်စုနှင့် ဒေသငါးခုတို့၌ ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံ သူများ ရှိနိုင်ဖွယ်ရှိကြောင်း ၎င်းတို့က ဆိုသည်။ 


အသစ်ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည့် ရောဂါ ကူးစက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန် ဒေသန္တရ အစိုးရများက အားကစားစင်တာများ၊ ကမ္ဘာလှည့် ခရီးသွားအများစု သွားလာသည့်နေရာများ၊ ဖျော်ဖြေ ရေးစင်တာများကို ပိတ်ပင်ထားပြီး ရောဂါစစ်ဆေးမှု လုပ်ငန်းစဉ်များကို အရှိန်အဟုတ်မြှင့် လုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် နေအိမ်ပြင်ပသို့ မထွက်ကြ ရန်လည်း ဒေသခံပြည်သူများအား တိုက်တွန်းထား ကြောင်း သိရသည်။ 


ရှီအန်းနှင့် လန်ဇူးစီရင်စုများရှိ လေဆိပ်နှစ်ခုမှ လေကြောင်းလိုင်း ၆၀ ရာခိုင်နှုန်းကိုလည်း ခရီးစဉ် ပြေးဆွဲခြင်းများ ဖျက်သိမ်းထားပြီးဖြစ်သည်။ 
ထို့ပြင် မွန်ဂိုလီးယားအတွင်းပိုင်းသို့ ခရီးသွား လာခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။ 


လွန်ခဲ့သော ၂၄ နာရီအတွင်း  တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိ ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် က ဆိုသည်။ 


ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်