
ဖနောင်ပင် အောက်တိုဘာ ၂၆
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထပ်မံလက်ခံရရှိခဲ့ ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာ ရေးနှင့် လူမှုကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖြန့်ဖြူးရေးအစီအစဉ် COVAX ထံမှတစ်ဆင့် လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးနှင့် လူမှုကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားသည်။
လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄၅၈၇၉၆၀၇ လုံးအထိ အသုံးပြု ပြီးဖြစ်ကြောင်းလည်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၉၉၁၀၅၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၂၇၀၆၇ ဦးရှိ ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
n