
ဆန်တီယာဂို ဩဂုတ် ၂၁
ချီလီနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီ Sinovac က ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့တွင် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၀ ရက်တွင် ဆန်တီယာဂိုအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာခဲ့ခြင်းကြောင့် ချီလီနိုင်ငံရှိ ပြည်သူအများအပြားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်တော့မည်ဖြစ် ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ပေါလာဒါဇာက ပြောကြားသည်။
ချီလီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း၌ အရေးပေါ်အသုံးပြုရန် ယခုနှစ်အစောပိုင်းတွင် အတည်ပြုပေးခဲ့ပြီးနောက် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
လက်ရှိတွင် ချီလီနိုင်ငံသည် နိုင်ငံအသီးသီးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေစုစုပေါင်း ၃၁ ဒသမ ၄ သန်းကျော်လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည့် ပြည်သူများ အနက်မှ ၈၄ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံအစိုးရက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်