တူရကီ၌ အင်အားပြင်းထန်သည့်  လေမုန်တိုင်းကြောင့် လေးဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

 

 

အစ္စတန်ဘူလ် နိုဝင်ဘာ ၃၀
တူရကီနိုင်ငံ၏   အကြီးဆုံးမြို့ ဖြစ်သည့်     အစ္စတန်ဘူလ်တွင်     အင်အားပြင်းထန်သည့် အနောက် မြောက် လေမုန်တိုင်း   နိုဝင်ဘာ ၂၉    ရက်က    တိုက်ခတ်ခဲ့ရာ လူလေးဦး      သေဆုံးခဲ့သည်ဟု  အစ္စတန်ဘူလ်    အုပ်ချုပ်ရေးမှူးရုံး က ပြောသည်။
ဒဏ်ရာရရှိသူ ၁၉  ဦးရှိပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေ ရှိသည်ဟု သိရသည်။  မော်တော် ယာဉ်များ  ပျက်စီးဆုံးရှုံးမှုရှိပြီး  အဝေးပြေးကားများ နောက်ပြန် လှည့်ခဲ့ရကြောင်း၊    နာရီစင်တစ်ခု လည်း   လဲပြိုသွားကြောင်း   သိရ သည်။ 
သစ်ပင်ပေါင်း ၁၉၂ ပင် ပြိုလဲ သွားသည်ဟုလည်း   အစ္စတန် ဘူလ်မြို့        အုပ်ချုပ်ရေးအဖွဲ့ ကပြောသည်။      မြို့အတွင်း    အကြိုအပို့   ဝန်ဆောင်မှုအားလုံး ကိုလည်း         ရပ်နားထားရ သည်။ 
လေကြောင်းပျံသန်းမှုများကိုလည်းအခြားမြို့များသို့ ဦးတည်          ပျံသန်းစေခဲ့သည်။ ပင်လယ်နက် နှင့်      မာမာရာပင်လယ်ကြား ရေလက်ကြားကို  ပိတ်ထားခဲ့ရ ပြီး  နှစ်ဖက်စလုံးတွင်   ပင်လယ် ရေကြောင်းသွားလာမှုကို    ပိတ် ထားခဲ့ရသည်။              
ဆင်ဟွာ