
အန်ကာရာ ဒီဇင်ဘာ ၂၂
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၁၉၈၅၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၂၀၉၇၄၀ ရှိလာကြောင်း တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၈၇ ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၈၀၇၇၈ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၅၅၃၂ ဦး ရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီ ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၆ ဒသမ ၇ သန်းရှိကြောင်း၊ ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၁ ဒသမ ၂၄ သန်းကျော် ရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၂၅ ဒသမ ၇၆ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်