တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၂၅၉ ဦး ထပ်မံတွေ့ရှိ

အန်ကာရာ   နိုဝင်ဘာ   ၁၁ 


တူရကီနိုင်ငံ၌    လွန်ခဲ့သော  ၂၄  နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၂၅၉ ဦး ထပ်မံ တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၃၁၅၄၂၄ ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 


သေဆုံးသူပေါင်း ၇၂၇၁၃ ဦးရှိလာ


အလားတူ  လွန်ခဲ့သော  ၂၄    နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂၀၃ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၂၇၁၃ ဦးရှိလာသည်။ 
တူရကီနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို အသုံးပြုလျက်ရှိသည်။ 


လက်ရှိအချိန်အထိ ပြည်သူ ၅၅ ဒသမ ၇၂ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၄၉ ဒသမ ၄ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံ မှုခံယူပြီးဖြစ်သည်။ 


တတိယအကြိမ်  ကာကွယ်ဆေးထိုးနှံမှုအပါ အဝင် ကာကွယ်ဆေးအလုံးရေ ၁၁၇ ဒသမ ၈၆ သန်း အား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်