တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၁၇၆ ဦး ထပ်မံတွေ့ရှိ

အန်ကာရာ  ဒီဇင်ဘာ  ၂၉


တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၁၇၆ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူစုစုပေါင်း ၉၃၆၅၃၉၉ ဦးရှိလာကြောင်း တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြော ကြားသည်။


တူရကီနိုင်ငံ၌    လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၁၈၄ ဦး ထပ်မံသေဆုံး ခဲ့သဖြင့်   အဆိုပါရောဂါဖြင့်  သေဆုံးသူစုစုပေါင်း ၈၁၉၁၇   ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့်    ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၃၁၀၄ ဦး ရှိကြောင်း သိရသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်  အသုံးပြုရန်  တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံ တစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို     ဇန်နဝါရီ ၁၄ ရက်တွင်     စတင်ခဲ့ သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၆ ဒသမ ၈၄ သန်းကျော်ရှိကြောင်း၊    ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၁ ဒသမ ၄၈ သန်း ကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေစုစုပေါင်း    ၁၂၉ ဒသမ ၉၇ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း      တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်