
အန်ကာရာ အောက်တိုဘာ ၂၁
တူရကီနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၇၆၀ ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇၇၄၄၁၃၉ ဦးရှိလာပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၁၄ ဦး ထပ်မံသေဆုံး ခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၈၂၇၄ ဦးရှိလာသည်။ သို့သော် ရောဂါမှ ပြန်လည်သက်သာ လာသူပေါင်း ၂၈၈၀၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို အသုံးပြုလျက်ရှိသည်။
လက်ရှိအချိန်အထိ ပြည်သူ ၅၅ ဒသမ ဝ၁ သန်း ကျော်အား ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေး ပြီးဖြစ်ပြီး ၄၇ ဒသမ ၇ သန်းကျော်အား ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်သည်။
အပိုထပ်ဆောင်းထိုးနှံမှုအပါအဝင် ကာကွယ် ဆေးအလုံးရေ ၁၁၄ ဒသမ ၆၂ သန်းကျော် ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်